Posts

Showing posts from April, 2016

AC and DC Basic Electronics Lesson-2

Image
Electroinc Basic Lesson 2 DC (Direct Current ) တိုက်ရိုက်လျှပ်စီးးးးကြောင်း ကားဘက်ထရီ ဓာတ်ခဲ စတဲ့ ပစ္စည်းများမှ ရတဲ့ လျှပ်စစ် လျှပ်စီးကြောင်းကို DC တိုက်ရိုက်လျှပ်စီးကြောင်း လို့ခေါ်ပါတယ်၊ DC က တစ်ဘက်ကိုဘဲ ဦးတည်စီးဆင်းပြီး အပေါင်းမှ အနှုတ်ကို စီးဆင်းသွားသော တဖက်ထဲစီးလျှပ်စီး ကြောင်းဖြစ်ပါတယ် DC အသုံးဝင်ပုံတွေကတော့ဗျာ လျှပ်စစ်ပစ္စည်းတော်တော်များများက DC ပေါ်ဘဲ မှီခိုပြီးအလုပ်လုပ်ကြပြီး တော့ လျှပ်စစ် အန္တရယ်လဲ ကင်းတယ်ဗျ အဲဒါပေမယ့် DC လည်း 60V ၆၀ဗို့ လောက်ဆို သေတတ်ပါ တယ် :) DVD စက်တွေ ကွန်ပျူတာတွေဆို DC နဲ့ဘဲ အလုပ်လုပ်ပါတယ် AC က၀င်ပြီး power card (power supply) လို့ခေါ်တဲ့ AC to DC ပြောင်းပေးတဲ့ ပစ္စည်းနဲ့ AC လျှပ်စီးကို DC ဖြစ်အောင်လုပ်ပြီးအသုံး ပြုပါတယ် AC ဆိုတာ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ်မီး AC (alternative Current) ကိုပြောတာ အောက်ကသင် ခန်းစာမှာ ပြောပြပါမယ် DC လျှပ်စီးကြောင်းက အချိန်နဲ့လိုက်ပြီး ဦးတည်ဖက်ပြောင်းတာ မရှိပါဘူး အချိန်ရဲ့ ဖန်ရှင်မဟုတ်ဘူးပေါ့ ဗျာ DC ထုတ်ပေးတဲ့ car battery ကားဘက်ထရီ ဓာတ်ခဲ နဲ့ တခြား DC