AC and DC Basic Electronics Lesson-2


Electroinc Basic Lesson 2


DC (Direct Current ) တိုက်ရိုက်လျှပ်စီးးးးကြောင်း


ကားဘက်ထရီ ဓာတ်ခဲ စတဲ့ ပစ္စည်းများမှ ရတဲ့ လျှပ်စစ် လျှပ်စီးကြောင်းကို DC တိုက်ရိုက်လျှပ်စီးကြောင်း
လို့ခေါ်ပါတယ်၊

DC က တစ်ဘက်ကိုဘဲ ဦးတည်စီးဆင်းပြီး အပေါင်းမှ အနှုတ်ကို စီးဆင်းသွားသော တဖက်ထဲစီးလျှပ်စီး
ကြောင်းဖြစ်ပါတယ်


DC အသုံးဝင်ပုံတွေကတော့ဗျာ လျှပ်စစ်ပစ္စည်းတော်တော်များများက DC ပေါ်ဘဲ မှီခိုပြီးအလုပ်လုပ်ကြပြီး
တော့ လျှပ်စစ် အန္တရယ်လဲ ကင်းတယ်ဗျ အဲဒါပေမယ့် DC လည်း 60V ၆၀ဗို့ လောက်ဆို သေတတ်ပါ
တယ် :)

DVD စက်တွေ ကွန်ပျူတာတွေဆို DC နဲ့ဘဲ အလုပ်လုပ်ပါတယ် AC က၀င်ပြီး power card (power supply) လို့ခေါ်တဲ့ AC to DC ပြောင်းပေးတဲ့ ပစ္စည်းနဲ့ AC လျှပ်စီးကို DC ဖြစ်အောင်လုပ်ပြီးအသုံး
ပြုပါတယ်

AC ဆိုတာ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ်မီး AC (alternative Current) ကိုပြောတာ အောက်ကသင်
ခန်းစာမှာ ပြောပြပါမယ်

DC လျှပ်စီးကြောင်းက အချိန်နဲ့လိုက်ပြီး ဦးတည်ဖက်ပြောင်းတာ မရှိပါဘူး အချိန်ရဲ့ ဖန်ရှင်မဟုတ်ဘူးပေါ့
ဗျာ DC ထုတ်ပေးတဲ့ car battery ကားဘက်ထရီ ဓာတ်ခဲ နဲ့ တခြား DC current ထုတ်ပေးတဲ့အရာမှန်
သမျှကို DC direct current source လို့ခေါ်ပါတယ်


AC (alternating Current) ပြန်လှန်လျှပ်စီးကြောင်း


အေစီ ဆိုသည်မှာ ဂျင်နရေတာ (မီးစက် လျှပ်စစ်ဓာတ်အားပေးစက်) အင်ဗတ်တာမှရသော
မိမိတို့လက်ရှိအိမ်တွင်အသုံးပြုနေသော လျှပ်စစ်ပင်ဖြစ်သည်

အေစီ ပြန်လှန်လျှပ်စီးကြောင်းသည် ဒီစီ ကဲ့သို့ တစ်ဖက်ထဲစီးဆင်းနေသောလျှပ်စီးကြောင်း
မျိုးမဟုတ်ဘဲ ဗို့အားပင်ရင်းမှ ငှတ်စွန်းနှ်စ်ခုအကြား နှင့် ပတ်လမ်းတစ်လျှောက်တို့တွင်
ဦးတည်ဖက် အပြန်ပြန်အလှန်လှန်စီးမှန်ဝါးမှန် စီးနေသော လျှပ်စီးမျိုးဖြစ်ပါသည်၊

တစ်နည်းအားဖြင့် AC လျှပ်စီးကြောင်းသည် အချိန်နှင့်လိုက်ပြီး ပမာဏနဲ့ ဦးတည်ဖက်ပြောင်း
လဲနေသော လျှပ်စီးကြောင်းမျိုးဖြစ်ပါတယ်၊


အေစီသည် အချိန်ဧ။် ဖန်ရှင်ဖြစ်ပါသည် ထိုလျှပ်စီးကြောင်းကို AC ပြန်လှန်လျှပ်စီးကြောင်းဟု
ခေါ်ပြီး ထိုလျှပ်စီးကြောင်းထုတ်လုပ်ရာ ပင်ရင်းကို AC Voltage Source ဟုခေါ်ပါသည်


အေစီက ဒီစီလို အပေါင်းအနှတ် တစ်သတ်မှတ်ထဲ သွားတာမဟုတ်ဘူး အပေါင်း အနှတ်ကို အချိန်နဲ့ လိုက်ပြီးပြောင်းလဲနေတယ်

ဒါကြောင့် AC ကိုဖော်ပြတဲ့နေရာမှာ sing wave ပုံသင်္ကေတလေးနဲ့ပြတယ်

အပေါင်းအနှတ် ပြောင်းလဲရန်ကြာချိန်ကို time period, T) လို့သတ်မှတ်ပြီး

တစ်စက္ကန့်အတွင်း အပေါင်းအနှုတ်ပြောင်းလဲမှုအကြိမ်ပေါင်းကို ဖရီကွင်စီ (frequency,f)ဟုခေါ်သည်
frequency ကို hertz(Hz) ဖြင့်တိုင်းတာပါသည်၊

ဆက်စပ်မှုအရ T = 1/f

တိုက်ရိုက်ဗို့အား DC သည် အပေါင်းအနှုတ်ပြောင်းလဲမှုမရှိသောကြောင့် ဖရီကွင်စီ သည် 0 သုညဖြစ်သည်၊


ကျွန်တော်တို့ နိုင်ငံတွေမှာ သုံးတဲ့ အိမ်သုံး လျှပ်စစ်မီးသည် ဗို့အား 230 V AC ဖြစ်ပါတယ်
frequency u 50Hzဖြစ်ပါတယ်၊

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာရှိတဲ့ အိမ်သုံးလျှပ်စစ်မီးသည် ဗို့အား 110V AC ဖြစ်ပြီး frequency
60Hz ဖြစ်ပါသည်။


အခုရေးထားတဲ့ပိုစ် ကို PDF အနေနဲ့သိမ်းထားချင်ရင်အောက်မှာ ဒေါင်းပါခင်ဗျာ

 



Comments

Popular posts from this blog

Linux Os Myanmar.pdf

install zawgyi font and keyboard in kali linux