ဂျာမန်ဝန်ကြီးဓာတ်ပုံမှတစ်ဆင့် လက်ဗွေအတုကို Hacker တစ်ဦး ဖန်တီးခဲ့
Starbug အမည်ရှိတဲ့ ဂျာမန်Hacker တစ်ဦးဟာ ဂျာမန်ကာကွယ်ရေး အာဆူလာဗွန်ဒါလေယန်ဧ။် လက်ဗွေကိုမြင်တွေ့ရသည့် ဓာတ်ပုံကို အသုံးပြုပြီး ၄င်းဧ။်လက်ဗွေတုကိုဖန်တီးပြသခဲ့ကြောင်းသိရသည်
ဥရောပ ဟက်ကာအဖွဲ့ဖြစ်သော Chaos Computer Club မှ ဦးစီးကျင်းပသည့် 31 ကြိမ်မြောက် Chaos
Communication ညီလာခံမှာ Starbug က ဓာတ်ပုံများကိုထိန်းချုပ်သည့်ဆော့ဝဲလ်ကိုအသုံးပြုပြီး လက်ဗွေတု ပြန်လည်ထုတ်လုပ်နိုင်ပုံကိုပြသခဲ့ပါတယ် ဓာတ်ပုံတွင် ၀န်ကြီး ဧ။်လက်ချောင်းများကို ပြတ်သားစွာ မမြင်ရသော်လည်း telephoto မှန်ဘီလူးများဖြင့် ရိုက်ထားသော ဓာတ်ပုံများကြောင့်
လက်ဗွေကိုမြင်တွေ့ရကြောင်းသိရသည်၊ ထို့ကြောင့် ရုပ်ထွက်ကောင်းမွန်သောကင်မရာများဖြင့် ရိုက်ကူး
ထားသော ဓာတ်ပုံများမှ လက်ဗွေအတုများ ဖန်တီးနိုင်သည့် နည်းလမ်းများအနာဂတ်တွင် လွဲမှားသည့်
ရည်ရွှယ်ချက်ဖြင့် အသုံးပြုနိုင်ဖွယ်ရှိသည်။
Starbug သည် ယခုကဲ့သို့ပြောဆိုမှုအပြီးတွင် နိုင်ငံရေးသမားများ အများပြည်သူနှင့် စကားပြောဆိုရာတွင် လက်အိပ်များဝတ်ဆင်သွားမည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။
Comments
Post a Comment